တရားဝင်သတ်မှတ်ချက်များအရ နွေဦးရာသီကို မတ်လမှ မေလအထိဟုရေတွက်လေ့ရှိသော်လည်း နွေဦး ရာသီ၏အငွေ့အသက်ကို စတင်ခံစားရတာကတော့ မတ်လကုန် ဧပြီလဆန်းမှဖြစ်ပါတယ်။ နွေဦးရာသီ၏ အဓိက ပြယုဂ်ကတော့ ချယ်ရီပန်းပွင့်ခြင်းပဲဖြစ်ပါတယ်။ ချယ်ရီပန်းသည် ဂျပန်နိုင်ငံ၏ ကိုယ်စားပြုအမှတ်အသားလည်းဖြစ်ပြီး ချယ်ရီပန်းများစတင်ပွင့်သည့် မတ်လအကုန်မှ စတင်ပြီး နွေဦးရာသီစတင်ပါတယ်။ နွေဦးမှာတော့ ဒီလိုလှပ တဲ့ ချယ်ရီပန်းတွေအပြင် ထင်းရှူးဝတ်မှုန် ဓာတ်မတည့်တဲ့သူတွေအတွက်ကတော့ တော်တော် စိတ်ညစ်စရာကောင်းတဲ့ ရောဂါတွေလဲရှိပါတယ်။ ဒါကြောင့် နွေဦးရောက်လာရင် ထင်းရှူးဝတ်မှုန်နဲ့ ဓာတ်မတည့်ပါက သေချာ ဂရုစိုက်ပြီးကြိုတင် ကာကွယ်ဖို့လိုအပ်ပါတယ်။
နွေဦးရာသီမှာတော့ ပွဲတော် အဖြစ် ပန်းကြည့်ပွဲတော်က တော်တော် ထင်ရှားပါတယ်။ ပန်းကြည့်တဲ့ ပွဲတော် ဆာကူရာပန်းပင်တွေရဲ့အောက်မှာ ပန်းတွေကြည့်ရင် ပျော်ပွဲစားထွက်လေ့ရှိကြပါတယ်။ ဆာကူရာပင်တွေအောက်မှာ ပျော်ပွဲစားထွက်ကြတာလဲ လူကြိုက်များသလို တချိုကတော့ ဆာကူရာပန်းတွေကိုကြည့်ရင်း တဖြေးဖြေးလမ်းလျှောက်ရတာလဲ သဘောကျကြပါတယ်။ ပန်းကြည့်ပွဲအပြင် မိန်းကလေးတွေအတွက်ကျင်းပတဲ့ ဟိန ပွဲတော်၊ ယောကျာ်းလေးတွေ
အတွက် ပွဲတော် တွေရှိပါတယ်။
ကမာနီလာ