うける သည် ဗန်းစကား (スラング) ဖြစ်ပြီးအထူးသဖြင့် 1980 နှစ်များနှောင်းပိုင်းမှ 1990 နှစ်များအစောပိုင်းတွင် ဂျပန် လူငယ်များကြားတွင် ကျော်ကြားလာခဲ့သည့် ဗန်းစကားဖြစ်သည်။
うける သည် ရယ်စရာ၊ သဘောကျစရာ၊ လူကြိုက်များသောအရာများကို ဖော်ပြရန်အတွက် အသုံးပြုကြသည်။
မန်ဇိုင်း (漫才) နှင့် အိုဆာကာဟာသများမှ စတင်ခဲ့ပြီး ယနေ့ထိတိုင် လူငယ်များကြားတွင် ရေပန်းစားဆဲဖြစ်သည်။
ဘယ်သူက စပြောခဲ့သလဲ?
「うける」သည် မန်ဇိုင်း (漫才) နှင့် ဟာသပညာရှင်များ၏ စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်နိုင်ပြီး၊ တိကျသောမူလအစမရှိသော်လည်း 1980 နှစ်များတွင် အိုဆာကာ၏ ဟာသလူငယ်များကြားတွင် ရေပန်းစားလာခဲ့သည်။
မန်ဇိုင်း (漫才)သည် လူနှစ်ဦးက လူအများသိနိုင်သော အကြောင်းအရာများကို အပြန်အလှန် ဟာသလုပ်ပြောခြင်းအစီအစဉ်ဖြစ်ပြီး ဂျပန် TV တွင် ဟာသလူငယ်များအစီအစဉ် မန်ဇိုင်း (漫才)ကို ထုတ်လွှင့်ပြသပေးပြီး လူကြိုက်များသော အစီအစဉ်တစ်ခုဖြစ်သည်။
ဘယ်လိုနေရာတွေမှာ အသုံးပြုကြသလဲ?
「うける」ကို အောက်ပါအခြေအနေများတွင် အသုံးပြုနိုင်သည်။
- ရယ်စရာကောင်းသော အရာတစ်ခုကို တုံ့ပြန်ရန်
そのジョーク、めっちゃうける!
(ဒီဟာသစကား တကယ်ရယ်စရာကောင်းတယ်!) - သဘောကျသည့် အရာတစ်ခုကို ဖော်ပြရန်
この服(ふく)、うける!
(ဒီအဝတ်အစား ငါသဘောကျတယ်!)
- လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook, Twitter, Tiktok, Instagram, Telegram တို့ကဲ့သော စာမျက်နှာများတွင် Like, ♥️ ပေးသကဲ့သို့ တုံ့ပြန်မူ ပေးသည့်အခါ။ その動画(どうが)、うけているね」
(ဒီဗီဒီယို တကယ်လူကြိုက်များနေတာပဲ)
うける ဆိုတာ ဂျပန်လူငယ်တွေ အထူးသဖြင့် ၁၉၈၀-၉၀ ခုနှစ်တွေက စပြီးသုံးတဲ့ ဗန်းစကား (スラング)တစ်ခုဖြစ်တယ်။ အဓိကအားဖြင့်
“ရယ်စရာကောင်းတယ်”၊
“ဟာသဖြစ်တယ်”၊
“သဘောကျတယ်” ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ အသုံးပြုကြပါသည်။
あの人の話(はなし)、うけるんだよね( သူ့စကားက တကယ်ဟာသဖြစ်တယ် )
အသုံးပြုရန် လွယ်ကူပြီး ရင်းနှီးသော သူငယ်ချင်း၊ မိတ်ဆွေအချင်းချင်း သုံးနိုင်သော်လည်း၊ ရုံးသုံးစကားအဖြစ် မသင့်တော်သည်ကို သတိပြုရန် လိုအပ်ပါသည်။
ကမာနီလာ