N1
N1 သည် ဂျပန်စာလေ့လာသူများအတွက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး တော်ရုံကြိုးစားအားထုတ်ရုံမျှနှင့်မအောင်မြင်နိုင်သော စာမေးပွဲတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် N2 အထိ အခြေခံမကောင်းခဲ့ပါလျှင် လေ့လာရာတွင်ပိုမို၍ အခက်အခဲတွေ့နိုင်သောကြောင့် N2 မှာကတည်းက အခြေခံအုတ်မြစ်ကို သေချာစွာချသင့်ပါသည်။N1 တွင် N2 ကဲ့သို့ပင် Reading ဖတ်စာနှင့်ပတ်သက်သည့်မေးခွန်းများကို အထူးပြု၍မေးထားသည်ကိုတွေ့ရမည်ဖြစ်ပါသည်။ Listening နားထောင်ရာမှာလည်း လုပ်ငန်းခွင်သုံးစကားလုံးများ၊ ရှည်လျားသောအကြောင်းအရာများထဲမှ အဖြေမှန်ကို လျှပ်တပြက်ဖမ်းဆုပ်ရခြင်းစသည်ဖြင့် ခက်ခဲသောမေးခွန်းများကို ဖြေဆိုကြရမည်ဖြစ်ပါသည်။
TIME STUDY သည် N1 ဖြေဆိုကြမည့်သူများအတွက် N2 Level မှာကတည်းကပင်သေချာစွာ အခြေခံခိုင်မာမှုရှိအောင် လေ့ကျင့်သင်ကြားပေးလိုက်မည်ဖြစ်ပြီး ထိုမှတဆင့် N1 Level ရောက်လျှင် အခက်အခဲမရှိအရှိန်မြှင့်ပြီးဆက်လက်သင်ယူလေ့လာနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
ပြီးစီးသွားသည့် သင်ခန်းစာအလိုက် စာမေးပွဲများစစ်ခြင်း၊ JLPT စာမေးပွဲအတွက် မေးခွန်းဟောင်းများလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။