N5 Basic

N5

ဂျပန်စာသင်ကြားရာတွင် N5, N4, N3, N2, N1ဟူ၍အဆင့်ငါးဆင့်ရှိပါသည်။

အခြေခံအဆင့်မှာ N5 ဖြစ်ပါသည်။

အောက်တွင်ဖော်ပြထားသော

ဂျပန်စာရေးသားနည်းလေးမျိုးမှစတင်၍ သင်ကြားပေးပြီး

(1) Romaji

(2) Hiragana

(3) Katakana

(4) Kanji

စသည်တို့ကိုသင်ကြားပေးပြီးလျှင် ကိန်းဂဏန်းနှင့်အရာဝတ္ထုများရေတွက်ခြင်းတို့နှင့်အတူအခြေခံအဆင့်မှာသိထားသင့်သည့် ဝေါဟာရများ….

(5) Verb (1) (2) (3) အုပ်စုသုံးစုခွဲပုံခွဲနည်းနှင့် Verb Form များကိုသင်ပေးပြီးလျှင်

(6) Nai Form

(7) Tai Form

(8) Te Form

(9) Ta Form

(10) Kano Form

များကိုသင်ပေးခြင်း

(11) Adjective နှစ်မျိုးဖြစ်သည့် Na Adjective နှင့် i Adjective တို့၏အသုံးအနှုန်းပုံစံများကိုသင်ကြားပေးပါသည်။

အခြေခံသင်ရိုးအတွက် Notes စာအုပ်မှာ TIME STUDYမှ မြန်မာနိုင်ငံမှကျောင်းသားများနှင့်ကိုက်ညီမှုရှိအောင် စီစဉ်တည်းဖြတ်ထားသော ကိုယ်ပိုင်ပြုလုပ်ထားသည့် စာအုပ်ဖြစ်ပါသည်။

Grammar, Listening, Reading နှင့် Speaking စွမ်းရည်များအတွက်ကောင်းမွန်စွာအသုံးချနိုင်အောင်သင်ကြားပေးပါသည်။ပြီးစီးသွားသည့် သင်ခန်းစာအလိုက် စာမေးပွဲများစစ်ခြင်း၊ JLPT စာမေးပွဲအတွက် မေးခွန်းဟောင်းများလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။