White Day (အဖြူရောင်နေ့ )

White Day (အဖြူရောင်နေ့) သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်သော Valentine’s Day ၏ တစ်လအကြာ (မတ် ၁၄ ရက်နေ့) တွင် အဓိကအားဖြင့် အရှေ့အာရှနိုင်ငံများ (ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ် စသည်) တွင် ကျင်းပလေ့ရှိသော အထိမ်းအမှတ်နေ့တစ်ခု ဖြစ်သည်။ နိုင်ငံအလိုက် ယဉ်ကျေးမူ ဓလေံထုံးတမ်းအရ ပြုလုပ်ပုံများကတော့ ကွာခြားပါသည်။

ဤနေ့တွင် Valentine’s Day အခါ၌ အမျိုးသမီးများထံမှ လက်ဆောင်ရရှိခဲ့သူ အမျိုးသားများက ၎င်းတို့အား ကျေးဇူးတင်သည့်အနေဖြင့် အဖြူရောင်အခြေခံသော လက်ဆောင်များ ပြန်လည်ပေးအပ်လေ့ရှိသည်။

သမိုင်းကြောင်းနှင့် စတင်ခဲ့ပုံ🫶
၁၉၇၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံ၏ Marshmallow မုန့်အချို လုပ်ငန်းတစ်ခုက Valentine’s Day တွင် အမျိုးသမီးများက အမျိုးသားများအား ချောကလက်လက်ဆောင်ပေးသည့် ဓလေ့ကို အစွဲပြု၍ ၎င်းတို့ထုတ်ကုန်ဖြစ်သော မုန့်ချို (မာရှ်မလိုး) ကို အမျိုးသားများက ပြန်လည်ပေးရန် စျေးကွက်ရှာဖွေခဲ့သည်။
ထိုမှတစ်ဆင့် ၁၉၇၈ ခုနှစ်တွင် “Marshmallow Day” အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်း “White Day” ဟု အမည်ပြောင်းကာ အဖြူရောင်လက်ဆောင်များ ပေးသည့် ဓလေ့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

🤍 White Day ၏ အဓိပ္ပာယ်

အဖြူရောင်၏ သဘောတရား : အဖြူရောင်သည် စင်ကြယ်မှု၊ ရိုးသားမှု၊ စိတ်နှလုံးသားအတွင်းမှ ချစ်ခြင်းမေတ္တာ ကို ကိုယ်စားပြုခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

🎁 လက်ဆောင်ပြန်ပေးခြင်း ဓလေ့

Valentine’s Day တွင် အမျိုးသမီးများက အမျိုးသားများအား ချောကလက် (သို့) လက်ဆောင်ပေးလေ့ရှိပြီး၊ White Day တွင် အမျိုးသားများက သုံးဆခန့် တန်ဖိုးရှိသော လက်ဆောင် (ဥပမာ – အဖြူရောင်ချောကလက်၊ လက်ဝတ်ရတနာ၊ ပန်းစည်း၊ ပန်းခြင်း၊ အသုံးအဆောင်ပစ္စည်း) များဖြင့် ပြန်လည်ပေးလေ့ရှိကြပါသည်။

Sanbai Gaeshi (သုံးဆပြန်အမ်း)

ဂျပန်ယဉ်ကျေးမှုအရ Valentine’s Day တွင် ရရှိသည့် လက်ဆောင်၏ တန်ဖိုးကို သုံးဆ ပြန်လည်ပေးဆပ်ရန် လူမှုရေးစံနှုန်းတစ်ခုရှိသည်။

တစ်ချို့သော အလုပ်၊ ရုံးများတွင် လုပ်ဖော်ကိုင်ဖက်အချင်းချင် Valentine’s Day လက်ဆောင်ပေးခြင်း တားမြစ်ထားခြင်များရှိပါသည်.။ လက်ဆောင်ရရှိထားသော အမျိုးသားများအနေနှင့် White Day နေ့တွင် ပြန်ပေးရမှာ အဆင်မပြေမူများကြောင့် ဖြစ်ပါသည်။. Give and Take ( ギブアンドテイク) တစ်စုံတရာယူထားရင် ပြန်ပေးရသည့် ထုံးစံ ရှိသောကြောင့် ဖြစ်ပါသည်။ お互いに あげるともらうをし合うこと အပြန်အလှန်ပေးကမ်းခြင်း ဓလေ့စံနှုန်း ရှိသောကြောင့်ဖြစ်သည်။

White Day နေ့သည် စားသောက်ကုန်နှင့် လက်ဆောင်ပစ္စည်းလုပ်ငန်းများအတွက် အရောင်းတက်သည့် အချိန်ဖြစ်သည်။ ဂျပန် နိုင်ငံမှာတော့ အမျိုးသားများက မိမိချစ်သူ (သို့) မိမိအား ချစ်ကြောင်းပြသလိုသူများအား အဖြူရောင်ချောကလက်၊ ကွတ်ကီး၊ ပန်းစည်း အဖြူရောင်အသုံးဆောင်ပစ္စည် စသည့် လက်ဆောင်များပေးပြီး မိမိတို၏ချစ်ခြင်းမေတ္တာအား ပြသရန် အခွင့်အရေးရရှိသောနေ့ ဖြစ်သည်။

တောင်ကိုရီးယား : ဂျပန်နှင့်ဆင်တူသော်လည်း (White Day Candy) ကဲ့သို့သော အဖြူရောင်ပုဂံများထဲ အစားအစာများကိုထည့် စားသုံးခြင်းကို ပိုမိုအသားပေးလုပ်ဆောင်ကြပါသည်။
ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတွေမှာတော့ ချစ်သူများအကြား စျေးကြီးလက်ဆောင် (ဥပမာ – လက်ဝတ်ရတနာ၊ တန်ဖိုးကြီးပစ္စည်း) များ ပေးလေ့ရှိသည်။

ယနေ့ခေတ်တွင် White Day သည် မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ အကြား လက်ဆောင်ဖလှယ်သည့် နေ့အဖြစ်လည်း ပြောင်းလဲလာသော်လည်း၊ အဓိကအားဖြင့် ချစ်သူရည်းစားများ အတွက် အထူးအလေးထားကြသောနေ့ တစ်နေ့အဖြစ် သတ်မှတ် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် လူမှုကွန်ရက်များပေါ်တွင် လက်ဆောင်များ မျှဝေခြင်း၊ အဖြူရောင်ဝတ်စုံများဝတ်ဆင်ခြင်း စသည့် ခေတ်ပေါ်အစဉ်အလာများလည်း ထွန်းကားလာသည်။
White Day သည် အရှေ့အာရှနိုင်ငံများတွင်သာ အဓိကပြုလုပ်ကျပြီး၊ အနောက်နိုင်ငံများတွင် ဤဓလေ့ကို မတွေ့ရသေးပါ။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်မှုများကြောင့် နိုင်ငံတကာတွင်လည်း White Day ကိုလူသိများပါသည်။

ကမာနီလာ